လက်ပံတန်း မတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းလက်မှတ် ဂုဏ်ပြုချီးမြင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားဦးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြဦးရေးမှူး ဒေါ်သီသီထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ မူလတန်း ကျောင်းသား/ ကျောင်းသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းဆင်း လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် မူလူတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများမှ အကပဒေသာများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)