ကျွန်းလှ၌ ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း ကော်မတီဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ကျွန်းလှ မတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း ကော်မတီဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်မျိုးသန့်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းအား ကဏ္ဍကြီးသုံးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ နှင့် သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတွင် တိရိစ္ဆာန် မွေးမြူထုတ်လုပ်ရေး၊ အခမ်းအနား မှူးနှင့် ဖိနပ်ချုပ်လုပ်နည်းသင်တန်းများ သင်ကြားပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းသူ ၃၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၅ ရက်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ