လက်ပံတန်းမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်း အစည်းအဝေးပြုလုပ်

လက်ပံတန်း မတ် ၃၀

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင်  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က  မဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေးအတွက် ရေကစားမဏ္ဍာပ်ထိုး၍  ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း၊ သင်္ကြန်အကြို​နေ့တွင်  ဖွင့်ပွဲနင့်သင်္ကြန်အတက်နေ့တွင်ပိတ်ပွဲ ကျင်းပကာ မြန်မာ့နှစ်ဆန်း (၁)ရက်​နေ့တွင် လက်ပံတန်းမြို့​ပေါ်ရှိ ဆရာ​တော်၊ သံဃာ​တော်များက မြို့တွင်းသို့လှည့်၍ ပရိတ်တရား​တော်များ ရွတ်ဖတ်ခြင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း ဆွေး​နွေးခဲ့သည်။

ဆက်လက်၍  သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက်လုပ်ငန်းများနှင့် လုံခြုံ​ရေးကိစ္စရပ်များ ဆွေနွေးခဲ့ကြပြီး မဟာသင်္ကြန်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်​ရေးအတွက် ရန်ပုံ​ငွေများ  ရရှိရန်လို​ကြောင်းနှင့် ရန်ပုံ​ငွေရရှိ​နိုင်​ရေးအတွက် ဌာနဆိုင်ရာများနှင့် ​ဆွေး​နွေးခဲ့ရာ ဌာနဆိုင်ရာများမှ ရန်ပုံ​ငွေများထည့်ဝင်​ပေးခဲ့ကြသည်၊၊ ထို့​နောက် တက်​ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်​ရေးအဖွဲ့များမှ  တင်ပြ​ဆွေး​နွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား  ​ပေါင်းစပ်​ညှိနှိုင်းဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)