ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များ အတွက် စာအုပ်စာစောင်များလှူဒါန်း

ကန်ကြီးထောင့် မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေကိုမြတ်နိုးတန်ဖိုးထားသော စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်အတွက် တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့က ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် ၄ တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင် ၁၀၀ အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ယနေ့ နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ သည်။

ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းအနေဖြင့် ကျေးရွာ စာကြည့်တိုက် များအတွက် လိုအပ်သော စာအုပ်စာစောင်များနှင့် အခြား ပရိဘောဂပစ္စည်းများကို ပေးအပ် လှူဒါန်းလျက်ရှိကြောင်း သိရပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ပေးအပ် လှူဒါန်းသော စာအုပ်များအား မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် ၄ တိုက်အတွက် တစ်တိုက်လျှင် ၂၅ အုပ်နှုန်းဖြင့် အုပ်ရေ ၁၀၀ အားလည်းကောင်း၊ မြို့များရှိ ကျေးရွာ စာကြည့်တိုက် ၂ တိုက်အတွက် တစ်တိုက်လျှင် ၂၅ အုပ်နှုန်းဖြင့် အုပ်ရေ ၅၀ အား လည်းကောင်း အသီးသီးပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)