ပိုင်ကျုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်

ပိုင်ကျုံ  မတ်  ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ရှိသူတို့က သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများထံ  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်‌ရေးမှူးတို့က ထောက်ပံ့ငွေလက်ခံရရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များထံ လက်ဝယ်အရောက် ဆက်လက် ပေးအပ်သွားမည် ဖြစ်‌ပြီး ပိုင်ကျုံမြို့တွင်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇)အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များ စုစုပေါင်း (၃၇၅၈) ဦးတို့အတွက်  (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)   ပထမသုံးလပတ်တွင်  စုစုပေါင်း  ထောက်ပံ့ငွေကျပ် (၁၅၇၂၇၅၀၀၀/-)ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)