မြဝတီ မတ် ၃၀
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တရားမဝင်တားမြစ်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက် များရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များနှင့်ဈေးကွက်များအတွင်း တရားမဝင်ခွင့်ပြုချက်မဲ့ဆေးများ ဖြစ်သော ရသေ့ဆေး၊ ရွှေစင်အကိုက်အခဲပျောက်ဆေး၊ အကြောပြေအကိုက်အခဲပျောက်ဆေး၊ မှင်ရောဂါပျောက်ဆေးနှင့် မီးမကင်းဆေးများ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းဖြစ်သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လိုက်လံစစ်ဆေးခြင်းဖြစ်သည်။
ထို့သို့ လိုက်လံစစ်ဆေးရာ စုစုပေါင်းတန်ဖိုးငွေကျပ် ၂၂၆၂၀၀ ရှိ ကုန်စုံဆိုင်များနှင့်ဆေးဆိုင်များမှ ရသေ့ဆေးပုလင်း ၁၈ ပုလင်း၊ ရွှေစင်အကိုက်အခဲပျောက်ဆေး ၁၉ ထုပ်၊ အကြောပြေအကိုက်အခဲ ပျောက် ဆေး ၂၅ ထုပ်၊ မှင်ရောဂါပျောက်ဆေး ၁၆ ထုပ်နှင့် မီးမကင်ဆေဘူး ၆ ဘူးကို သိမ်းဆည်းရမိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)