ကသာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်

ကသာ မတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အလယ်တန်း/အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား  အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယနေ့နံနက်ပိုင်းကစတင်၍ အခမဲ့သင်တန်း စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အမှာစကား ပြောကြားပြီး စေတနာရှင် ဆရာမ ဒေါ်မေသက်ခိုင်က ကျောင်းသား/သူပေါင်း(၂၇)ဦးတို့အား စတင်သင်ကြားခဲ့သည်။ ယင်းသင်တန်းကို မတ်လ(၃၀)ရက်နေ့မှ ဧပြီလ()ရက်နေ့အထိ (နံနက်()နာရီမှ (၁၀) နာရီအထိ) (၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

ခရိုင်(ပြန်/ဆက်)