ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပန်းအလှပြင်သင်တန်း ဖွင့်လှစ်

ကြံခင်း မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပန်းအလှပြင်သင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ဖွင့်လှစ်ခဲ့ပါသည်။

ပထမဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က ပန်းအလှပြင်သင်တန်း ဖွင့်လှစ်ခြင်းဖြင့် နွေရာသီကာလအတွင်း အမျိုးသမီးများ လက်မှုအတတ်ပညာနှင့် အိမ်တွင်းအလှဆင်ယင်တတ်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။ သင်တန်းတွင် အိမ်တွင်းမှု သင်တန်းဆရာမ ဒေါ်မိုးမင်းဆန်းနှင့် ဒေါ်အေးအေးအောင်တို့မှ ပန်းအလှပြင် ဆင်ယင်ထိုးပုံများ၊ အရောင်အသွေး တွဲစပ်မှုများကို ရှင်းလင်းပြီး လက်တွေ့ပြသကြရာ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်(၁၀)ဦး တက်ရောက်သင်ကြားခဲ့ကြသည်။ သင်တန်းကာလမှာ မတ်လ(၂၉)ရက်နေ့မှ (၃၀)ရက်နေ့ထိဖြစ်ပြီး နံနက်(၁၀)နာရီမှ (၁၂)နာရီထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)