ပခုက္ကူမြို့၌ မူလတန်းကြိုကျောင်းဆင်းပွဲနှင့် လက်မှတ်ပေးအပ်ချီးမြှင့်ပွဲ ကျင်းပ

ပခုက္ကူ မတ်၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မူလတန်းကြိုးကျောင်းဆင်းပွဲနှင့် လက်မှတ်ပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့ နံနက်၉နာရီအချိန်က ကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူ မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက  မင်္ဂလာပါသီချင်းဖြင့် ကပြဖျော် ဖြေ တင်ဆက်သည်။

ထို့နောက် ပခုက္ကူမြို့၊ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅၂)တို့အား ကျောင်းဆင်းဂုဏ်ပြု ကတ်များပေးအပ်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပခုက္ကူမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များက ရွှေရိုးမှာ လည်းအသဲနဲ့ပါ၊ ပန်းကောက်တေး၊ ယောင်ပေစူး၊ တစ်လိမ်နှစ်လိမ်၊ တစ်နှစ်နွမ်းတစ်နှစ်စမ်း၊ ယိမ်းသမလေးတွေ၊ စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ်စသည့် သီချင်းများဖြင့် အသီးသီးကပြဖျော်ဖြေ တင်ဆက်ပေးကြကြောင်း သိရသည်။

ဟိန်းသူ(ပြန်/ဆက်)