ရေဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးစစ်ဆေး

ရေဦး မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့က  မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်မင်္ဂလာ၊ အောင်ဆန်း ရပ်ကွက်အတွင်းလှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးစစ်ဆေးမှုများ ပြုလုပ်ခဲ့‌သည်။

ထိုသို့စစ်ဆေးရာတွင် မီးသတ်ဦးစီးဌာန ဒုဦးစီးမှုး ဦး‌အောင်ကိုနိုင် ဦးဆောင်သော သန္ဓေ တပ်ဖွဲ့၀င်များက ထင်းမီး၊ လောင်စာတောင့်၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ ဂက်စ်အိုးနှင့် လျှပ်စစ်မီးမသုံးစွဲမီနှင့် သုံးစွဲပြီးနောက် သတိပြု လိုက်နာရမည့်‌ ဆောင်ရန်ရှောင်ရန် အချက်များ အသိပေးပြောကြားခြင်း၊ နေအိမ်တွင်မီးဘေးကာကွယ်နိုင်ရေး ပစ္စည်းများ ထားရှိမှုရှိမရှိ စစ်ဆေး အသိပေးခြင်းနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)