ပြည်မြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား အခြေခံဘောလုံး အားကစားသင်တန်း ဖွင့်လှစ် သင်ကြားပေး

ပြည် မတ် ၂၉

ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့၊  မြို့နယ်အားကစားကွင်း၌ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ နွေရာသီအခြေခံဘောလုံး အားကစားသင်တန်း ဖွင့်လှစ်ပို့ချ ပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ သင်တန်းသို့ ပြည်မြို့နယ်မှအခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀) ကျော်တက်ရောက်ပြီး ၎င်းတို့အား သင်တန်းကာလအတွင်း နေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီထိ အခြေခံဘောလုံး အားကစားနည်းပညာရပ်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သင်တန်းနည်းပြဆရာဦးဇော်မိုးက ပြောကြားသည်။

အဆိုပါ သင်တန်းကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တစွမ်းရည်များ ဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုစိုး(ပြန်/ဆက်)