ဆင်ပေါင်ဝဲမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေစာရင်း ပြုစုဖြည့်သွင်းနေမှုအား ကြည့်ရှု စစ်ဆေး

ဆင်ပေါင်ဝဲ မတ် ၂၉    

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် လူဦးရေစာရင်းအား အိမ်ထောင်စုဇယား(၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေးပြီး ကွန်ပျူတာ (၁၇)လုံးဖြင့် စာရင်းပြုစုဖြည့်သွင်းခြင်း အခြေအနေများအား ယမန်နေ့က အဆိုပါ လုပ်ငန်းများ ဆောင်ရွက်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ သွားရောက် ကြည့်ရှု  စစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှု့စစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မြို့နယ်အတွင်း မဲဆန္ဒရှင် လူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင် စုဇယား(၆၆/၆)နှင့် တိုက်ဆိုင် စစ်ဆေးပြီး စာရင်းပြုစုဖြည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်း များအားလုံး ပြည့်စုံမှန်ကန်စွာ စာရင်းပြုစုဖြည့်သွင်းကြရန်နှင့် လိုအပ်သည်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)