ပန်းတောင်း မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပန်းတောင်း(အ.ထ.က)၊ ဆင်တဲ(အ.ထ.က)၊ ဥသျှစ်ပင်(အ.ထ.က)၊ ရှားဖြူကွင်း(အ.ထ.က)၊ ဂုံညှင်းတန်း(အ.ထ.က)၊ ထုံးဘို(အ.ထ.က)ကျောင်းများရှိ ကျောင်းသား/ သူများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဝင်ခွင့်ကဒ် ထုတ်ယူခြင်းကို (၂၄.၃.၂၀၂၂)မှစ၍ စတင်ထုတ်ပေးနေပြီး (၃၀.၃.၂၀၂၂၂)ရက်နေ့ထိ နေ့စဉ် မနက် (၉:၃၀)မှ ညနေ ၄ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။
အဆိုပါ ဖြေဆိုဝင်ခွင့်ကဒ်ကို ထုတ်ယူရာတွင် (အ.ထ.က)ပန်းတောင်းကျောင်းမှ ကျောင်းသား/သူ ဖြေဆိုဝင်ခွင့်ကဒ်ထုတ်ယူသူ (၁၉၆)ဦးရှိပြီး ပန်းတောင်း(အ.ထ.က) ဆင်တဲ(အ.ထ.က)၊ ဥသျှစ်ပင်(အ.ထ.က)၊ ရှားဖြူကွင်း(အ.ထ.က)၊ ဂုံညှင်းတန်း(အ.ထ.က)၊ ထုံးဘို(အ.ထ.က)ကျောင်းများတွင် စုစုပေါင်း ကျောင်းတွင်းဖြေဆိုသူ (၈၁၂)ဦးနှင့် အပြင်ဖြေဆိုသူ (၄၃၀)ဦး စုစုပေါင်း (၁၂၄၂)ဦးရှိကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)