နတ်တလင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများအား မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် ကွင်းဆင်းစစ်ဆေး

နတ်တလင်း မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် မကြာမီကာလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် စာစစ်ဌာနများ သို့ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက  ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်တလင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဝင်း‌ဌေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမိုး‌အောင်နှင့် တပ်ဖွဲ့ဝင်များက နတ်တလင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ မီးသတ်ဆေးဘူးများ လုံလောက်စွာထားရှိရေး၊ စာဖြေခန်းများအတွင်း လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု၊ ခလုတ်နှင့် လျှပ်စစ်သုံးပစ္စည်းများ စနစ်တကျ ထားရှိမှု၊ မီးသတ်ရေကန်များ၊ ပိုက်ခေါင်းများနှင့် မီးချိတ်မီးကတ် ရေပုံး၊ သဲအိတ်များထားရှိမှုတို့ကို စစ်ဆေးခဲ့ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ခံများကို ပြောကြားခဲ့‌ကြောင်း သိရသည်။

ဝေယံဖြိုး