သနပ်ပင် မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ သနပ်ပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးသိန်းဆွေ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့မဈေးအတွင်း/ အပြင်ရှိဈေးဆိုင်များအတွင်း ကျင်းဟုံ ခြင်ဆေးခွေများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထို့သို ပူးပေါင်းစစ်ဆေးဆောင်ရွက်ရာတွင် ဈေးဆိုင်ပိုင်ရှင်များအား အဆိုပါကျင်းဟုံခြင်ဆေးခွေ များအား ရောင်းချခွင့်မရှိကြောင်း အသိပေးခြင်း၊ ကုန်အညွှန်းမပါသော ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထား သော ကုန်အညွှန်းအမှတ်သားများနှင့်အညီ ရောင်းချပေးရန်အသိပေးခြင်းနှင့် ခြင်ဆေးခွေအရောင်းဆိုင်(၅)ဆိုင်၊ အခြားကုန်စုံဆိုင် (၃၀)ဆိုင်တို့ စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်လုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ကုန်အညွှန်းအမှတ်တံဆိပ်များပါသော အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
လှမိုး