ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ဓနုဖြူမြို့နယ်၊ တမြာလျှပ်စစ်မြစ်ရေတင်စီမံကိန်း (အကျိုးပြုဧက ၃၀၀၀) သို့ ကြည့်ရှုစစ်ဆေး

ဓနုဖြူ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တမြာကျေးရွာအုပ်စု၊ တမြာကျေးရွာရှိ တမြာလျှပ်စစ် မြစ်ရေတင်စီမံကိန်း (အကျိုးပြုဧက ၃၀၀၀) သို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ ယမန်နေ့ မွန်းလွဲ()နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ တမြာလျှပ်စစ်မြစ်ရေတင် စီမံကိန်းတွင် ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက နွေစပါးရေပေးရေးလုပ်ငန်းများ၊ ယခုနှစ်တွင် မြစ်ရေတင်လုပ်ငန်းဖြင့် နွေစပါး ဧက(၃၀၀)စိုက်ပျိုးနေမှု၊ ဌာနမှ ဆောင်ရွက်နေသည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မှုလုပ်ငန်းများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တောင်သူများ၏ လိုအပ်ချက်များကို တင်ပြပြီး ဝန်ကြီးချုပ်မှ လိုအပ်မှုများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)