ကော့သောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေး

ကော့သောင်း မတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိမိတို့ဖြေဆိုမည့် စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စားမေးပွဲကို အမှတ်(၁) အခြေခံအထက်တန်း ကျောင်း၊ အထက(၂) တပ်နယ်အခြေခံပညာအထက်တန်းကျောင်း၊ ခမောက်ကြီးအထက်တန်း ကျောင်းတို့တွင် စာစစ်ဌာနများအဖြစ် သတ်မှတ်ထားရှိပြီး အဆိုပါစာဖြေဌာန(၃)ခုမှ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသူ/ကျောင်းသားစုစုပေါင်း(၂၃၃၄)ဦး ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)