ဘုရားသုံးဆူမြို့၌ ကိုးဗစ်-၁၉ဗီဇပြောင်း မျိူးကွဲအိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ဘုရားသုံးဆူ မတ် ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ၃နာရီခွဲက  ဘုရားသုံးဆူမြို့ မြို့ပေါ်ရှိရပ်ကွက်များ၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွှန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာ‌ပေး နှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများ လူစုလူဝေးရှောင်ရှားကြရန်၊ နှာခေါင်းစည်း (Mask)များကိုလည်း မဖြစ်မနေတပ်ဆင်ကြရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင် ဆစ်‌ကွေးနှင့်အုပ်၍ ဆိုးကြရန်၊ မိမိနေထိုင်ရာအိမ်များတွင် လေဝင်လေထွက်ကောင်းမွန်စေဖို့ ပြတင်းပေါက်များဖွင့်ထားကြရန်၊ အပြင်ကရောက်ရှိလာ တိုင်း လက်ကိုစက္ကန့် (၂၀) ကြာဆေးကြောရန်၊ မိမိတို့နေအိမ်တွင် တတ်နိုင်သမျှနေထိုင်ကြရန်၊ မိမိ ကိုယ်မိမိ သံသယလက္ခဏာများ ခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်ကြရန် နှင့်ရောဂါကူးစပ်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို ကျန်းမာရေးဌာနလမ်းညွှန်မှုအတိုင်း အကြိမ်ပြည့် မပျက်ကွက် ခံယူထိုးနှံကြရန်စသည့် ကိုဗစ်-၁၉ (Omicron)နှင့်ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)