ရေတာရှည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများအား ​မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရေတာရှည် မတ် ၂၈

ပဲခူတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား ​မီးဘေးလုံခြုံရေးအတွက်  ယနေ့တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကောင်းထက်နိုင် ဦးဆောင်၍ သ​န္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အထက်တန်း​ကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေစဉ် ကာလအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး မီးဘေးလုံခြုံမှုရှိစေပြီး စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)