ပေါက်ခေါင်း မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နေ့လယ် ၁ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုဓလေ့ ထုံးစံများနှင့်အညီ ပေါက်ခေါင်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလိုကြောင်းနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများမှ ပေါင်းစပ် ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများအေးချမ်းစွာ ပါဝင် ဆင်နွှဲနိုင်ရေး၊ ဗဟိုမဏ္ဍပ်တည်ဆောက်မည့် အစီအစဉ်၊ သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များရရှိရေးနှင့် အခမ်းအနား ပြင်ဆင်ဆောင်ရွက်နိုင်ရေးတို့ကို သက်ဆိုင်ရာ ကော်မတီများအလိုက် ပြန်လည် ဆွေးနွေးခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်