သံတောင်ကြီး မတ် ၂၈
ကရင်ပြည်နယ်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊မတ်လ(၃၀)ရက်နေ့ စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိမိတို့ဖြေဆိုမည့်စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက် ရှိကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စားမေးပွဲကို ဘုရင့်နောင်တပ်နယ် အခြေခံအထက်တန်းကျောင်း၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၊ သပြေညွှန့်အခြေခံပညာ အထက်တန်းကျောင်းတို့တွင် စာဖြေနယ်မြေများအဖြင့် သတ်မှတ်ထားရှိပြီး ကျောင်းသူ/ကျောင်းသား(၂၀၀)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ