မြောင် စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်ကာ မြို့မစျေးတွင် ယမန်နေ့ နံနက် က (mask) များအား စျေးရောင်း သူ/ဝယ်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ (mask)များကို စျေးရောင်းသူရောစျေးဝယ်သူများအား အခမဲ့ဖြန့်ဝေခဲ့ ပါတယ်၊ (mask) စုစုပေါင်းတစ်ထောင်ဖြစ်ပါတယ်၊ နောက်ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ကိုလည်း ဖြန့်ဝေခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တပြေးညီထုတ်ပြန် သတ်မှတ် ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးဆိုင်ရာများကိုလည်း Hand Spaker ဖြင့် နှိုးဆော်ကြေညာ ဆောင်ရွက်ခဲ့ ပါတယ်" ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင် အရာရှိ ဦးကျော်ထင်မောင်မောင်က ပြောပြကြောင်း သိရသည်။
မြောင်မြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကူးဆက်မြန် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများအား မြို့မစျေးအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
တင်ကိုကို(မြောင်)