သရက်ချောင်းမြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

သရက်ချောင်း  မတ်  ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့် အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်) မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိအကြိမ်) ထိုးနှံရန်ကျန်ရှိသူများ၊ ထပ်ဆောင်းကာကွယ်ဆေး  Booster Doseနှင့် ကိုယ်​ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား(ပထမ/ ဒုတိယ)အကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဉ်စနစ်တကျထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေး (ပထမအကြိမ်)မထိုးနှံရသေးသော ပြည်သူနှင့် (ဒုတိယအကြိမ်)ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ၊(တတိယအကြိမ်) ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးရန်ကျန်ရှိသူ များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များအား (ပထမ /ဒုတိယ)အကြိမ် ကာကွယ်ဆေးများ ထိုးနှံကျန်ရှိသူများအားကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ် ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သရက်ချောင်းမြို့နယ်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

သားကြီး(သရက်ချောင်း)