တနိုင်းမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး

တနိုင်း   စက်တင်ဘာ    ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မဈေးကြီးအတွင်းနှင့် ပျံကျဈေးသည်/ဈေးဝယ်များ ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိစေဘဲ အခြေခံစားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းဝယ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီလိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိကို ဩဂုတ်(၃၀)ရက်နေ့ နံနက်ပိုင်းက အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူများလိုက်နာဆောင်ရွက်ရန်၊ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရန်၊ ဈေးသည်များ တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာတွင် နေထိုင်ရောင်းချရန်၊ ဈေးသည်၊ ဈေးဝယ်သူများအား ဈေးအဝင်/ အထွက်များတွင် ထားရှိသည့် လက်ဆေးဘေစ‌င်များတွင် လက်များဆေးစေခြင်း၊ ဈေးအတွင်းသို့ နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ ဈေးရောင်းချစေခြင်း၊ ဝယ်ယူစေခြင်းများကို အသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်း မပါသူများအား တနိုင်းမြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများက ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)