ဒိုက်ဦး မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ကြက်ခြေနီအသင်းမှ MaskCampaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ လူစည်ကားရာနေရာဖြစ်သော ဒိုက်ဦးမြို့မစျေးကြီးရှေ့၌ စျေးရောင်းချသူများ၊ စျေးဝယ်စျေးပြန်သူများအား နှာခေါင်းစည်း Mask အခု (၅၀၀) အား ပြည်သူများကို အခမဲ့ဝေငှပေးခဲ့သည်။
ယခုအခါတွင် နိုင်ငံတော်အစိုးရမှ Home Stay ဖြေလျော့လိုက်ပြီဖြစ်သော်လည်း မြို့နယ်အတွင်း တုပ်ကွေးရောဂါဖြင့် ဖျားနာနေ သူများ တွေ့ရှိနေရခြင်း၊ စတုတ္တလှိုင်းမျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင် ကာကွယ်သည့်အနေဖြင့် နှာခေါင်းစည်း Mask အား တပ်သင့်ပါကြောင်း မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်စိုးမှ ပြောကြားခဲ့သည်။
အဆိုပါ ဝေငှခြင်းအား ဒိုက်ဦးမြို့နယ် ကြက်ခြေနီအသင်း သူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး၊ ဒုတပ်ဖွဲ့မှူး ဦးအေးချိုနှင့် တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)