မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း ထုတ်ပြန်ကြေညာ

မော်လမြိုင်ကျွန်း    စက်တင်ဘာ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ်ကော်မရှင်ရုံးခွဲတွင် ယမန်နေ့ နံနက်ပိုင်းက ကြေညာထားရှိသည်။

မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ထုတ်ပြန် ကြေညာခဲ့ပြီး အများပြည်သူသိရှိနိုင်ရန်အတွက် မြို့နယ်ကော်မရှင်ရုံးခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးခွဲများတွင်လည်း ကပ်ထားကြေညာသွားမည် ဖြစ်သည်။

မြို့နယ်တွင် ပါတီစုစုပေါင်း (၉)ခုရှိပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၂)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(၆)ဦး၊ မဲဆန္ဒနယ်(၂)ခုမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၂)ဦး စုစုပေါင်း(၂ဝ)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးစိုးမိုးနိုင်ထံမှ သိရသည်။

သီတာအောင်(ပြန်ဆက်)