(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပဲခူး မတ် ၂၈

(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ပဲခူးမြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) (3×3) ဘတ်စကက်ဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး အားကစားနှင့် ကာယာပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ် အားကစားမှူး ဦးဝင်းကျော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်နှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ပထမဆုရရှိသည့် LAKER အသင်းအား ငွေသားဆု (၂၀၀၀၀၀) ကျပ် နှင့်တံခွန်စိုက်ဆုကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် INVINCIBIE အသင်းအား ငွေသားဆု (၁၅၀၀၀၀) ကျပ် ကိုလည်းကောင်း၊ တတိယဆုရရှိသည့် KING HOOP အသင်းအား ငွေသားဆု (၁၀၀၀၀၀) ကျပ်ကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)