နတ်မောက် မတ် ၂၇
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်တပ်မတော်နေ့ အထိမ်း အမှတ်စာအုပ် စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) တွင်ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါစာအုပ်စာစောင်ပြပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့်မိန့်ခွန်းများနှင့် သုတ၊ရသ စာအုပ်များစုံလင်စွာ ပြသခဲ့သည်။ လူငယ်/လူရွယ်များ ကျန်းမာပျှော်ရွှင်ပြီးအစုအဖွဲ့များဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် တက်စေရန်၊ စာပေဖတ်ရှု့ခြင်းဖြင့် အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်ထက်မြတ်စေရန်ရည်ရွယ်၍ ပြသခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ စာအုပ်စာစောင်ပြပွဲသို့ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် ကွန်ပျူတာ သင်တန်းတက်ရောက်ကြသည့် ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ သည်။
နတ်မောက်မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်ပြည်သူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ သုတ/ ရသ စာအုပ်များကို ပြည်သူ့စာကြည့် တိုက်တွင်လာရောက် ငှားရမ်းဖတ်ရှုလေ့လာနိုင်ကြောင်း သိရ သည်။
လှဝင်း