ဘားအံ မတ် ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဋ္ဌိ ပြိုင်ပွဲ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ထွေထွေဗဟုသုတအဖြစ် ဉာဏ်စမ်းမေးခွန်းများကို ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့၍ အဖြေအား မှန်မှန်နှင့် မြန်မြန်ဖြေဆိုနိုင်သူ ကျောင်းသား/ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်ရှိ ပြတိုက်ငယ်သို့ လေ့လာရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ပြတိုက်ငယ်အတွင်း ပြသထားသော ကရင်တိုင်းရင်းသားတို့၏ စာပေများ၊ ကရင်ဘာသာဖြင့် ရေးသားထားသည့် ဘုရားသမိုင်းများ၊ ကရင်ပြည်နယ် အတွင်းရှိ အထင်ကရ ဂူဘုရားသမိုင်းများ၊ တိုင်းရင်းသားအသုံးအဆောင် ပစ္စည်းများ အဝတ်အထည်များ၊ ကရင်ပြည်နယ်မှထွက်ရှိသည့် တွင်းထွက်ကျောက်များအကြောင်း ရှင်းလင်းပြောကြားရာ ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)