ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ချောင်းဦး မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင် မတ်လ ၂၅ ရက်နေ့နံနက် ၁၀ နာရီ အချိန်က ကျောင်းသားကလေးငယ်များ စာပေကို လေ့လာဖတ်ရှုတတ်စေရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပညာအလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ကြား၍ ဖေဖော်ဝါရီလ ၁၅က်နေ့ထုတ် အတွဲ ၁၉၊ အမှတ်၄ ဒို့ကျေးရွာ ဂျာနယ်အား စုပေါင်း ဖတ်ရှုကြပြီး ဂျာနယ် အတွင်းပါရှိသည့် အကြောင်းအရာများကို မေးထားသည့် မေးခွန်းများကို ဖြေဆို ယှဉ်ပြိုင် ခဲ့ကြသည်။

အဖြေလွှာများကို မြို့နယ်ဦးစီးမှူး ဦးထိန်လင်းနှင့် စာပေချစ်သူများအဖွဲ့ဝင် ဆရာမ ဒေါ်နိုင်နိုင်မော်တို့မှ စစ်ဆေးပြီး ရမှတ်များ အတိုင်း ပထမ၊ ဒုတိယ၊ တတိယဆုများ ရွှေးချယ်ပေးခဲ့သည်။ ဆုပေးအပ်ပွဲ ကျင်းပပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ ပေးအပ် ချီးမြှင့်ကာ လာရောက်ယှဉ်ပြိုင်သူများအား ဗလာစာအုပ်နှင့် အချိုရည်ဗူးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမြင့်အောင်