စေတုတ္တရာမြို့နယ် မူလတန်းကြိုကျောင်းဆင်း ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းနှင့် အက ပဒေသာပွဲကျင်းပပြုလုပ်

စေတုတ္တရာ မတ် ၂၇

 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မူလတန်းကြိုကျောင်းဆင်း ဂုဏ်ပြု လက်မှတ်ပေးအပ်ချီးမြှင့်ခြင်းနှင့် အကပဒေသာပွဲကို ယမန်နေ့နံနက်  ၉ နာရီက မူလတန်းကြို ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ယင်းသို့ပြုလုပ်ရာ၌ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မိုးညွန့်က စေတုတ္တရာ မြို့နယ် မူလတန်းကြိုကျောင်းဆင်း ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းနှင့် အကပဒေသာပွဲ  အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားခဲ့သည်။

 ထို့နောက် ပြန်/ဆက်ဦးစီးအရာရှိ ဦးတင်မိုးညွန့်၊ မူလတန်းကြိုကျောင်း မိဘဆရာအသင်းဝင် ဉက္ကဋ္ဌ ဦးဝင်းမြင့်မောင်နှင့် မူလတန်းကြိုကျောင်း မိဘဆရာအသင်းဝင် ဦးသောင်းထွဋ်တို့က မူလတန်းကြိုကျောင်းဆင်းလက်မှတ်များကို ကျောင်းသား၊ကျောင်းသူများကို အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

 ဆက်လက်ပြီး မူလတန်းကြိုကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြ ဖျော်ဖြေပေးခဲ့ကြောင်းသိရသည်။

တင်မိုးညွန့်