ဘားအံခရိုင် Community Centreမ တွင်ခန်းမတွင် ဖွင့် လှစ်သင်ကြားသည့် နွေရာသီ အခြေခံပန်းချီ သင်တန်း ဒုတိယနေ့တွင် အခြေခံမျဉ်းများ နှင့် ပုံ သဏ္ဍာန်များအကြောင်း သင်ကြား

ဘားအံ မတ်  ၂၆

ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centreခန်း မတွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်းဖွင့်လှစ်သည့် စတုတ္ထအကြိမ် နွေရာသီ အခြေခံပန်းချီ သင်တန်း ဒုတိယနေ့အဖြစ်အခြေခံမျဉ်းများနှင့် ပုံသဏ္ဍာန်များအကြောင်းအား သင်ကြားပေးလျက် ရှိကြောင်း သိရှိရသည်။

ကျောင်းသား/သူများ နွေရာသီ ကျောင်းပိတ်ရက်တွင်  ကာယဉာဏ ဖွံ့ဖြိုးစေရန်၊ အရောင်များ၏ ဆက်စပ်မှုများကို သိရှိစေရန်၊ ပန်းချီရေဆွဲနည်း ပညာကို သင်ယူနိုင်စေရန်အတွက် နွေရာသီအခြေခံပန်းချီ သင်တန်းကို ပန်းချီဆရာ ဦးထွန်းဝင်းနှင့် ပန်းချီဆရာ စောနေစိုးတို့က သင်ကြားပေးလျက်ရှိပြီး မတ်လ (၂၅) ရက်နေ့မှ ဧပြီလ (၈) ရက်နေ့ အထိ နံနက် (၉) နာရီမှ (၁၁) နာရီအထိ သင်ကြားပေးလျက်ရှိပြီး ဘားအံမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်း (၅၀) ဦးခန့် တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရသည်။          

ခရိုင်(ပြန်/ဆက်)