မြိတ်တက္ကသိုလ်တွင် လူမှုကွန်ယက်သတင်း အမှားအမှန်ခွဲခြားသိမြင်မှု ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြိတ်    မတ်    ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် တက္ကသိုလ် ကျောင်းသား/သူများအား အမှားအမှန်ခွဲခြား သိမြင်ပြီး အသိပညာဗဟုသုတ တိုးပွားရေးအတွက်  လူမှုကွန်ယက်သတင်း အမှားအမှန် ခွဲခြား သိမြင်မှု ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မတ်လ (၂၄) ရက်က မြိတ်တက္ကသိုလ် တွင် ကျင်းပခဲ့သည်။

လူမှုကွန်ယက်များတွင် ရေးသားဖော်ပြနေကြသည့် အမျိုးမျိုးသောသတင်းများတွင် ကျောင်း သား/သူများ နားလည်မှုမှားယွင်းစွာ ပြန်လည်ကူးယူဖော်ပြခြင်းမဖြစ်စေရေးနှင့် တစ်ဦးတစ်ယောက်ကို မနှစ်သက်မိ၍ မတော်တရော် စွပ်စွဲပြီးတော့ ရေးသားဖော်ပြခြင်းမဖြစ်အောင် တားဆီးနိုင်ရေး ရည်ရွယ်ချက်များဖြင့် အသိပညာ ပေး ဟောပြောပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့် အမှာစကား ပြောကြားပြီး လူမှုကွန်ယက်သတင်း အမှားအမှန်ခွဲခြားသိမြင်မှု ဥပဒေဆိုင်ရာ အသိပညာ အကြောင်းအရာ များကို ဒုတိယခရိုင်ဥပဒေအရာရှိ ဦးအောင်လင်းထွန်းနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်းစိုးတို့က အသိပညာပေးဟောပြောခဲ့ကြသည်။

ထိုနောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထိုနောက်  မြိတ်တက္ကသိုလ်ပါမောက္ခချုပ်က အသိပညာ ပေး ဟောပြောပေး ကြသည့် ဒုတိယခရိုင်ဥပဒေအရာရှိနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့အား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ် ကျောင်းသား/ သူများနှင့်  ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)