ပြည်မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲနှင့် ပဒေသာ ကပွဲအခမ်းအနားကျင်းပ

ပြည် မတ် ၂၆

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန ပြည်မူလတန်း ကြိုကျောင်း ၏ ကျောင်းဆင်း ဂုဏ်ပြု လက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမဆောင်၌ ကျင်းပရာ ပြည်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကလေးမိဘများတက်ရောက်သည်။

အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြည်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ် သားငယ်၊ သမီးငယ်ကလေးများက တေးသရုပ်ဖော် အကအလှများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ပျော်ရွှင်စွာ စုပေါင်းဖျော်ဖြေခဲ့ကြပြီး ပြည်ခရိုင်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးသန့်၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး၊ ပြည်မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးနှင့် ပြည်မူလတန်းကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေဦး တို့က သားငယ်၊ သမီးငယ်ကလေးများအား ကျောင်းဆင်းဂုဏ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြ ကြောင်းသိရသည်။

ကိုဆက် (ပြန်/ဆက်)