ပေါင်းတည် မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နဝရတ်ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း က မြန်မာရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်သည် တစ်မျိုးသားလုံးပါဝင်ဆင်နွဲနိုင်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်းနှင့် သင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ မြို့နယ်အတွင်းစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင ဧည့်သည်တော်များက သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)