ပန်းတောင်း မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ထောက်ကြန့်ကုန်းကျေးရွာအုပ်စု၊ ကုတင်ကျင်းကျေးရွာတွင် ယနေ့နံက် (၁၀.၀၀)နာရီအချိန် ကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသူစိုးက မြေသားရေကန်တူးဖော်ခြင်းနှင့်ပတ်သက်သည်များ ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နိုင်က မြေသားရေကန်တူးဖော်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြေသားရေကန် အလျား ၁၀၀ ပေ၊ အနံ ၁၀၀ ပေ၊ အမြင့် ၆ပေရှိသော ကန်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူစိုး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နိုင်တို့မှဖဲ ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)