ဆင်ပေါင်ဝဲမြို့နယ်တွင် ဆီထွက်သီးနှံ နေကြာလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကျင်းပ

ဆင်ပေါင်ဝဲ  မတ်  ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက ဆင်ပေါင်ဝဲ မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ လျာထားချက် ပြည့်မီစွာစိုက်ပျိုးနိုင်ရေး ယခုလို အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြာင်း၊ နေကြာစိုက်ပျိုးမည့် တောင်သူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူများ နားလည်သည်အထိ အသေးစိတ် ရှင်းလင်းပြောကြားရန်၊ နေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ နေကြာစိုက်ပျိုးမည့် တောင်သူများထံသို့ မျိုးစေ့များအား အခမဲ့ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်၊ သတ်မှတ်စိုက်ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေး အထူးအလေးထား ကြိုးစာဆောင်ရွက်သွားရန် စသည်ဖြင့် ပြောကြားသွားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများမှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ပြန်လည်ဆွေးနွေးခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)