နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာ သင်တန်း ဖွင့်လှစ်

နတ်မောက်  မတ်  ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ယနေ့မှ မေလ(၃၁)ရက်နေ့အထိ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာ သင်တန်း ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ် သင်ကြားပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က   ကျောင်းသား/သူ ကလေးငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်နှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်း၏ စည်းမျဉ်း စည်းကမ်းများကို တက်ရောက်လာကြသည့် သင်တန်းသား/သူများကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့ကွန်ပျူတာ သင်တန်းကို ကျောင်းသား/သူ စုစုပေါင်း(၁၀၀)ဦး လာရောက်စာရင်းပေးသွင်းခဲ့ပြီး သင်တန်းချိန် (၅)ချိန်ခွဲ၍ သင်ကြားပို့ချပေး သွားမည် ဖြစ်သည်။

သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ဒေါ်ဖြိုးအိအိဇော် က ကွန်ပျူတာအခြေခံ ဘာသာရပ်များကို နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄း၃၀)နာရီ အထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။

လှဝင်း (နတ်မောက်)