သာယာဝတီမြိုနယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများအား မီးဘေးကြိုတင်ကာကွယ်ရေး ကြည့်ရှု့စစ်ဆေး

သာယာဝတီ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန (၃)ခုအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနက လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် သာယာဝတီမြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ တာဝန် ရှိသူများက စာစစ်ဌာများ၌ စာမေးပွဲဖြေဆိုနေစဉ် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ရေကန်များတွင် ရေအပြည့်ဝ ဖြည့်ဆည်းထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊‌ သဲ၊ ရေ အသင့်ထားရှိမှု ကြိုတင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

သန့်ဇော် (သာယာဝတီ)