တောင်ငူ၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

တောင်ငူ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ဌေးတို့က တောင်ငူမြို့အတွင်း စာစစ်ဌာနများ၌ တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ မီးဘေးလုံခြုံစွာ ဖြေဆိုနိုင်ရေး အတွက် ကျောင်းတာဝန်ခံများနှင့် တွေ့ဆုံကာ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စီမံ ဆောင်ရွက်ထားရမည့် အချက်များနှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကာ ချိတ်ဆက်ဆောင်ရွက်ရမည် များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ဌေးက မီးအသုံးပြုရာတွင် စနစ်တကျ အသုံးပြုမှုများ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ အဆင်သင့်ထားရှိမှုများနှင့်  မီးသတ်ဆေးဗူးများ အသုံးပြုရာတွင် စနစ်တကျ ကိုင်တွယ်နည်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်