ဟင်္သာတမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ဟင်္သာတ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပမည့် စာစ်ဌာန (၁၃)ခုတို့၌ ယနေ့နံနက် ၉ နာရီက စတင်၍  မီးဘေးကြိုတင် ကာကွယ်ရေးအတွက် တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ တာဝန်ခံ ဆရာကြီး ဆရာမကြီးများ၊ ခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း စာစစ်ဌာနများ ဖွင့်လှစ်ကျင်းပမည့် အခြေခံပညာကျောင်းများ၌ စာမေးပွဲ ဖြေဆိုနေစဉ် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက် ထားမှု၊ ရေကန်များတွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊‌ သဲ၊ ရေ အသင့်ထားရှိမှု ဆောင်ရွက်ချက် အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပေးခဲ့ပြီး လိုအပ်သော ကူညီမူများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးသွင်ကိုကိုအောင် ထံမှသိရသည်။

ကိုဇော် -ဟင်္သာတ