ပြည်ကြီးမဏ္ဍိုင် မတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(၇၇)နှစ် မြောက်တပ်မတော်နေ့အထိမ်းအမှတ်အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)၌ ကျောင်းသား၊ကျောင်းသူ များနှင့်ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်းသိရ သည်။
အဆိုပါ (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်မှ၂၀၂၁ခုနှစ်၊မတ်၂၇ရက် (၇၆)နှစ် မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည် ချက်များ၊ တပ်မတော်၏ အစဉ်အလာ ကောင်း(၁၂)ရပ်၊ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအဝေးကြီးတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်များ၊ ကဗျာများစသည့် အချက်များပါဝင်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)