ငပုတောမြို့နယ်၊ ဆင်းကူးကြီးကျေးရွာအုပ်စု၊ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှံးမှုများနှင့် ကာကွယ်ဆေး ထိုးနှံမှုအား ကွင်းဆင်းကြည့်ရူစစ်ဆေး

ငပုတော မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ရွှေနှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဆင်ကူးကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်း ကျောင်းဆောင်တွင် အမိုးလန်၊ ပျက်စီးဆုံးရှုံးမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှ့စစ်ဆေးရာတွင် အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်း   ကျောင်းဆောင် (၁၂၀x၃၀x၁၈)ပေ၊ အမိုးသွပ်(၃၀)ချပ်၊ မြှားတန်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့် ပြန် လည်ပြင်ဆင် ပြုပြင်ရန် လိုအပ်ချက်များအား ဒေသခံတာဝန်ရှိသူများက တင်ပြကြရာ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများအား ညှိနှိုင်းဆွေးနွေး ပေးခဲ့သည်။

ဆက်လက်၍ ဆင်ကူးကြီးကျေးရွာအုပ်စုနှင့် ဆက်စပ်နေသော ကျေးရွာအုပ်စု( ၄)စုမှ ဒေသခံတာဝန် ရှိသူများနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်​​ ကျေးရွာပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးရမည်ဖြစ်ကြောင်း ကာကွယ်ဆေး ထိုးနှံရန်အတွက် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်းနှင့်တက္ကသိုလ်ဝင်တန်းစာမေးပွဲ တည်ငြိမ်အေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် ကူညီဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဆွေးနွေးတင်ပြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယင်းကျေးရွာရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုကို ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)