ငပုတောမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ​ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ များ​အား ဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်​ပေး

ငပုတော မတ် ၂၅

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်​​နေ့ထိ ကျင်းပမည့်၍ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ​ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများ အား ဖြေဆိုခွင့်ကတ်ပြားများကို ယ​မန်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်​ပေး​နေပြီဖြစ်​ကြောင်း သိရသည်။

ငပုတောမြို့နယ်   အတွင်းတွင် အထက်တန်းကျောင်းပေါင်း(၁၄)​ကျောင်းရှိပြီး   စာစစ်ဌာန( ၁၄)ခု ၌​ ကျောင်းတွင်းစာဖြေသူဦးရေ စုစုပေါင်း (၁၈၀၈)ဦး၊  ပြင်ပဖြေဆိုသူဦးရေ စုစုပေါင်း( ၅၆၇)ဦးရှိသည်။ ငပု​တောမြို့နယ်တွင် စာစစ်ဌာန( ၁၄)ခု၌ စုစုပေါင်း စာဖြေသူဦးရေ( ၂၃၇၅)ဦး အား ဖြေဆိုခွင့် ကဒ်ပြားများအား ထုတ်ပေးလျက်ရှိ​ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)