တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး မြိတ်ခရိုင် ဌာနဆိုင်ရာများအား တွေ့ဆုံ

မြိတ်    မတ်    ၂၅

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာနအလိုက်လုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြိတ်တက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့်ဆရာ/မများ၊ ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံခဲ့ရာ ရှေးဦးစွာ တက်ရောက်လာကြသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ၊ ပြည်သူလူထုအကျိုးအတွက် ဥပဒေနှင့်အညီ ဖြေလျော့ ဆောင်ရွက်ပေးနေမှုများနှင့် ဌာနဆိုင်ရာ များအနေဖြင့် ပြည်သူလူထုအတွက် လုပ်ငန်းများဆောင်ရွက်ပေးရာတွင် ဥပဒေနှင့်အညီ မြန်မြန်‌ဆန်ဆန် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးကတင်ပြချက်များနှင့်စပ်လျဉ်း၍ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အတွက် နိုင်ငံ့ဝန်ထမ်း ဥ‌ပဒေ နည်းဥပဒေ ‌များကိုလိုက်နာပြီး နိုင်ငံတော်အတွက် ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက် ပေးကြရန် လုပ်ငန်းလမ်းညွှန် နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရသည်။

ခိုင်ထူး (မြိတ်)