ပေါက်ခေါင်းမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

ပေါက်ခေါင်း မတ် ၂၅

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့၌ မတ်လ ၃၁  ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျောက်ထားကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ယမန်နေ့ နံနက်မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာတွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ ဆရာ၊ဆရာမများထံမှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်လာရောက် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို ကျင်းပရန် အထက(ပေါက်ခေါင်း) နှင့် အထက(အိုးဘိုကုန်း) စာစစ်ဌာန(၂)ခု စီစဉ်ထားရှိပြီး စာမေးပွဲဝင်ရောက် ဖြေဆိုမည့် ကျောင်းသား‌‌ ကျောင်းသူ(၇၂၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းထွန်းအောင်