ငါးသိုင်းချောင်းမြို့၊ အ.ထ.က ကျောင်း၌ လူငယ်‌ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ငါးသိုင်းချောင်း မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရာ မြို့စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းယုဝေတို့က ကျောင်းသား၊‌ ကျောင်းသူများသို့ အသိပညာပေး ဟောပြောဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲ၌ ရှေးဦးစွာ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်က ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ကောင်းမွန်သော အနာဂါတ်ရည်မှန်းချက်များ ကိုယ်တိုင်တည်ဆောက်နိုင်‌ရေး အသိပညာ‌‌ပေး အကြောင်းအရာများ၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းယုဝေက ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကိုယ်ခန္ဓာကျန်းမာဖို့ ဝါသနာပါတဲ့ အားကစားနည်းတစ်မျိုးကို လုပ်ဆောင်စေလိုကြောင်း၊ ကိုယ်ကျန်းမာဖို့အပြင် စိတ်ကျန်းမာဖို့အတွက် စိတ်ခွန်အားဖြည့် စာပေတွေ ဖတ်ရှုကြဖို့လိုကြောင်း၊ ကာယဉာဏ စာရိတ္တနဲ့ မိတ္တဘောဂဆိုတဲ့ ဗလငါးတန်ပြည့်စုံဖို့ လိုအပ်သလို မျိုးချစ်စိတ်ဓာတ်များ ရှိဖို့လိုအပ်ကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသလို တိုင်းပြည်နဲ့ လူမျိုး အကျိုးဆောင်ရွက်နိုင်ကြရန် ဗဟုသုတပြည့်စုံဖို့ လိုအပ်ကြောင်း အစရှိသည့်အ ကြောင်းအရာများကို အသိပညာပေး ဟောပြောပေးခဲ့ပြီး အဆိုပါလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ အ.ထ.က၊ ငါးသိုင်းချောင်းကျောင်းရှိ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ အဌမတန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀)ဦး တက်ရောက်လေ့လာခဲ့ ကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)