ကရသူရိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကရသူရိ မတ်လ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊  ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့ပြန်/ဆက်ဝန်ထမ်းများက ရုံးလုပ်ငန်းစွမ်းရည်တိုးတက်ရေး၊ နိုင်ငံ့ဝန်ထမ်း တစ်ယောက်သိသင့် သိထိုက်သည်များ၊ ဝန်ထမ်းများ၏ အခွင့်အရေးနှင့် နည်းဥဒေများကို သိရှိနားလည် နိုင်ရေးအတွက် “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးခဲ့ကြကြောင်း အဆိုပါ ဆွေးနွေးရာတွင် မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးအေးသန်းက နိုင်ငံ့ ဝန်ထမ်းနည်းဥဒေ များစာအုပ်သည် နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေထားခြင်းဖြစ်ပြီး မိမိဝန်ထမ်း များအနေဖြင့် အစဉ်အမြဲလေ့လာဖတ်ရှုရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများဆိုင်ရာစည်းမျဉ်း/ စည်းကမ်းများ၊ ဝန်ထမ်းခန့်ထားခြင်း ဆိုင်ရာများစသည့်တိုကို ခြုံငုံသုံးသပ်ဆွေးနွေးသည်။ ထို့နောက် ဓာတ်ပုံ ကျွမ်းကျင်-၂ က ဝန်ထမ်းများရာထူး တိုးမြှင့်ခြင်းဆိုင်ရာများနှင့် နိုင်ငံ့ဝန်ထမ်းနည်းပဥဒများတို့ကို လည်းကောင်း၊ အငယ်တန်းစာရေး(အင်အားပြ)မှ အကူဝန်ထမ်း အဆင့်နှင့်ရွေးချယ်ခန့်အပ်ခြင်းများ တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)