ဒေးဒရဲမြို့ Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ  မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ()နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်သီတာမိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် ကိုယ်ပဲလူကြီး ကိုယ်ပဲကလေးစာအုပ်မှ အမှားကို​​ပြင်ဖို့ စတင်ဝန်ခံပါ ဆောင်းပါးနှင့် စိတ်ကူးပါပြီးရင် ရပ်မနေနဲ့ မှန်မှန် ဆက်လုပ်  ဆောင်းပါးများကို  စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင် ဦးသိန်းမောင်နှင့် တက်ရောက်လာသည့် စာပေ ချစ်သူများက အသီးသီး အပြန်အလှန် ဖတ်ကြားဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)