ဘုတ်ပြင်း မတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား များကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနများ တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်များအား စာမေးပွဲဖြေဆိုရက် မတိုင်မီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဖြေဆိုခွင့်ကတ်ထုတ်ယူရာတွင် ကျောင်းတွင်းဖြေ ကျောင်းသား ကျောင်းသူများသည် မိမိတို့၏ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ပြီး အပြင်ဖြေကျောင်းသားကျောင်းသူများသည် မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် အထက-ဘုတ်ပြင်း စာစစ်ဌာနနှင့် အထက- ပြည်ကြီးမဏ္ဍိုင် စာစစ်ဌာနတို့ဖြင့် စာစစ်ဌာန(၂)ခုဖွင့်လှစ်သွား မည်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ ၂၂၂ ဦး၊ ကျောင်း ပြင်ပဖြေဆိုသူ ၁၀၅ ဦး ၊ စုစုပေါင်း ကျောင်း သား၊ကျောင်းသူ ၃၂၇ ဦး ဝင်ရောက် ဖြေဆိုမည် ဖြစ်ပြီး အတွဲ(၁)ဘာသာရပ်တွင် ၂၇၄ ဦး ၊ အတွဲ(၂)ဘာသာရပ်တွင် ၄၀ ဦးနှင့် အတွဲ(၅) ဘာသာရပ်တွင် ၁ ဦး ၊ အတွဲ( ၇)ဘာသာရပ်တွင် ၁၂ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။၊
ဘုတ်ပြင်း(ပြန်/ဆက်)